စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade(5) နှင့် Grade(9)စာမေးပွဲများ ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade(5) နှင့် Grade(9)စာမေးပွဲများ ဖြေဆိုလျက်ရှိ



MNP  -   ဖေဖော်ဝါရီ   ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade(5) စာမေးပွဲနှင့် Grade(9) စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ ဖြေဆိုလျက်ရှိသည်။

 

Grade(9) စာမေးပွဲသည်တိုင်းစစ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကာ Grade(5) ခရိုင်စစ်စာမေးပွဲသည် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရပြီး Grade(5) စာမေးပွဲတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂၉)ခုမှ ကျောင်းသား (၅၄၈)ဦး၊ ကျောင်းသူ (၄၈၆)ဦး၊ စုစုပေါင်း (၁၀၃၄)ဦး နှင့် Grade(9) စာမေးပွဲတွင် စဉ့်ကူးမြို့နယ်အတွင်းရှိစာစစ်ဌာန (၂၆)ခုမှ ကျောင်းသား (၂၈၆)ဦး၊  ကျောင်းသူ(၃၅၅)ဦး၊ စုစုပေါင်း (၆၄၁)ဦး ဖြေဆိုခဲ့ကြသည်။


စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ခွဲ (၁၀) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၅) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၇၀)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၉)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၄၀) ရှိကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တင်ဇာလွင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)