ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ




MNP -   ဖေဖော်ဝါရီ  ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေး ကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါစခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ထိုးနှံ ပေးလျက်ရှိသည်။ 


 ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျောက်တစ်လုံး IDPs စခန်း အတွင်းရှိ အသက်(၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)