ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများနှင့် တွေ့ဆုံ


MNP   -  ဖေဖော်ဝါရီ ၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် အခြားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အရည်အသွေးမီ ရင်ပေါင်တန်းနိုင်ရန် လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများကိုဌာန စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ငန်းကို စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် အရာထမ်း၊ အမှုထမ်းများအလိုက် မိမိတို့၏တာဝန်နှင့် ဝတ္တရားများကို ပိုမိုသိရှိလိုက်နာပြီး စေတနာထားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာတွင် မိသားစု စိတ်ဓာတ်ကို အခြေခံ၍ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ဆောင် ရွက်ကြရန်နှင့် မေတ္တာတရား၊ ကိုယ်ချင်းစာတရား စိတ်ဓာတ်တို့ဖြင့် လက်အောက်ငယ်သား များကို နာယကဂုဏ်များနှင့်အညီ ကြီးကြပ်စီမံကွပ်ကဲရန်မှာကြား လိုပါကြောင်း၊ လက်ရှိဆောင်ရွက် ဆဲလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အမီဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေး ကြီးကြပ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်းပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများသည် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့် အညီ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက် များအတိုင်း လိုက်နာဆောင်ရွက်သွားရန် ပြောကြားသည်။


ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ကြီးဌာနတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)