နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ


MNP  -     ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့ တောင်ဇလပ်ရိပ်သာ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


ပိုမိုခိုင်မာအောင် ဆောင်ရွက်


တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ မှုထန်က မိမိတို့နိုင်ငံ၏ ဒို့တာဝန် အရေး (၃) ပါးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အရေးကြီးသည့်အကြောင်း တစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်ကို အလေးထားဆောင်ရွက်နေရသည့်ဌာနဟု မိမိရှုမြင်ပါကြောင်း၊ ယခု ချင်းပြည်နယ်တွင်လည်း တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းရင်းသားများစည်းလုံးညီညွတ်မှ တိုင်းပြည်တစ်ခုလုံး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအကြား အမုန်းတရားများ မဖြစ်စေရန် ပြောဆိုနေထိုင်ကြရန်လိုအပ်ပါကြောင်း၊ ဘာသာတရားတိုင်းတွင် မေတ္တာကို အလေးထားကြသည်ဖြစ်၍ ဝန်ထမ်းများကလည်း မိမိတာဝန်ကျရာ ပြည်နယ်ရှိ တိုင်းရင်းသား များကို မေတ္တာ၊ စေတနာထားရှိကြရန်နှင့် ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်စဉ် မိမိတို့ ဌာနရှိ ဝန်ထမ်းများအပြင် အခြားဌာနဝန်ထမ်းများနှင့် စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ယင်းနောက် ဝန်ထမ်းများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြသည်။


ဖြည့်စွက်ဆွေးနွေး


ထို့နောက် ချင်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။


ကူညီဆောင်ရွက်ပေးရမည်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို သိရှိလိုက်နာကျင့်ကြံရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုထူးခြားသည့် အခြေအနေကာလတွင် နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် အမျိုးသားရေး လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို သိရှိနားလည်ထားပြီး လုပ်ငန်းများကို မိမိကျရာကဏ္ဍများတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားရန် မှာကြားသည်။


ထောက်ပံ့ငွေများ ပေးအပ်


ထို့နောက် ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့က ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအတွက် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)