KIAနှင့် PDF အကြမ်းဖက်အဖွဲ့များက ရှမ်းရိုးရာ အနုသုခုမပစ္စည်းများကို ဖျက်ဆီး မီးရှို့ခြင်းနှင့် ပတ်သက်၍ လူသားမျိုး နွယ်စုတစ်စု၏ ရိုးရာအမွေအနှစ်များကို စိတ်လိုက်မာန်ပါဖျက်ဆီးခြင်းသည် လူမျိုးတုံးသတ်ဖြတ်ခြင်း၏ ရှေ့ ပြေးနိမိတ်ဖြစ်ကြောင်း ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး(SNUA) ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIAနှင့် PDF အကြမ်းဖက်အဖွဲ့များက ရှမ်းရိုးရာ အနုသုခုမပစ္စည်းများကို ဖျက်ဆီး မီးရှို့ခြင်းနှင့် ပတ်သက်၍ လူသားမျိုး နွယ်စုတစ်စု၏ ရိုးရာအမွေအနှစ်များကို စိတ်လိုက်မာန်ပါဖျက်ဆီးခြင်းသည် လူမျိုးတုံးသတ်ဖြတ်ခြင်း၏ ရှေ့ ပြေးနိမိတ်ဖြစ်ကြောင်း ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး(SNUA) ထုတ်ပြန်










MNP ၊ ဖေဖော်ဝါရီ ၅

KIAနှင့် PDF အကြမ်းဖက်အဖွဲ့များက ရှမ်းရိုးရာ အနုသုခုမပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကို ဖျက်ဆီး မီးရှို့ခြင်းနှင့် ပတ်သက်၍ ရှမ်းရိုးရာ အနုသုခုမပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကို ဝိုင်းဝန်းဖျက်ဆီးမီးရှို့ခြင်းသည် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်သကဲ့သို့ လူသားမျိုး နွယ်စုတစ်စု၏ ရိုးရာအမွေအနှစ်များကို စိတ်လိုက်မာန်ပါဖျက်ဆီးခြင်းသည်  လူမျိုးတုံးသတ်ဖြတ်ခြင်း၏ ရှေ့ ပြေးနိမိတ်ဖြစ်ရာ (NUG)အနေဖြင့် ပါဝင်ပတ်သက်သူများကို  စစ်ဆေးအရေးယူရန်၊ ဤဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းနီတိုင်းရင်းသားများအပါအဝင် ရှမ်းတိုင်းရင်းသား အားလုံးကို တောင်းပန်ရန်နှင့် ဆက်လက်၍ အလားတူပြဿနာများ မဖြစ်ပွားစေရန်အတွက် ဝန်ခံကတိပြုရန်လိုအပ်ကြောင်း ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး(SNUA)ထုတ်ပြန် ကြေညာထားသည်။


အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်၊ နံနက်(၁၀း၁၀)အချိန်တွင် ဟုမ္မလင်းမြို့နယ်၊ နမ့်နမ်းကျေးရွာတွင် KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့တို့သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ရှမ်းရိုးရာ အနုသုခုမပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကို ဝိုင်းဝန်းဖျက်ဆီးမီးရှို့ကြသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဤကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေထိုင်လျက်ရှိကြသည့် ရှမ်းနီ တိုင်းရင်းသား မိဘပြည်သူများကိုသာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ကမ္ဘာတစ်ဝှမ်းတွင် နေထိုင်လျက်ရှိ ကြသော ရှမ်းတိုင်းရင်းသားမျိုးနွယ်စုအားလုံးကိုပါ ရိုင်းစိုင်းစွာ ဖိနှိပ်စော်ကားသကဲ့သို့ ဖြစ်စေသည့်အတွက် မိမိတို့ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး(SNUA)က အပြင်းအထန် ကန့်ကွက်ကြောင်း ပြောဆိုထားသည်။

KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့တို့သည် ရှမ်းရိုးရာ အနုသုခုမပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကို ဝိုင်းဝန်းဖျက်ဆီးမီးရှို့ခြင်းသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ၏ စည်းမျဉ်း(၄၀)ပါ “ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အသီးသီးအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို အကာ အကွယ်ပေးရမည်” ဟူသောအချက်နှင့် စည်းမျဉ်း(၄၁)ပါ “လူတိုင်းနှင့်သက်ဆိုင်သော အလွန်အရေးကြီး သည့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ပစ္စည်းများအား မည်သည့်ပုံစံဖြင့်မဆို ခိုးယူခြင်း၊ လုယက်ခြင်း သို့မဟုတ် အလွဲသုံးစားပြုလုပ်ခြင်းနှင့် လက်သရမ်းဖျက်ဆီးသည့် လုပ်ရပ်မှန်သမျှကို တားမြစ်သည်”ဟူသော အချက်တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့တို့သည် ရှမ်းရိုးရာ အနုသုခုမပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကို ဝိုင်း ဝန်းဖျက်ဆီးမီးရှို့ခြင်းသည် ဂျနီဗာကွန်ဗင်းရှင်း၏ ၁၉၅၄ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် လက်နက်ကိုင်ပဋိပက္ခများ အတွင်း ယဉ်ကျေးမှုပစ္စည်း ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်မှ အပိုဒ်(၄) “ယဉ်ကျေးမှုပစ္စည်းများကို လက်တုံ့ပြန်သည့် အနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရမည်” ဟူသောအချက်ကို ဂရုမစိုက်ဘဲ ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။

KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့တို့သည် ရှမ်းရိုးရာ အနုသုခုမပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကို ဝိုင်း ဝန်းဖျက်ဆီးမီးရှို့ခြင်းသည် အမျိုးသားညီညွတ်ရေးရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကာကွယ်ရေးမူဝါဒ(ပေါ်လစီ)ဆိုင်ရာ အခြေခံမူများမှ အပိုဒ်(၂၃)ပါ “စစ်ပွဲများတွင် ဂျနီဗာသဘောတူညီ ချက်ပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည်”ဟူသောအချက်နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီး ဌာနတွင် ဖော်ပြထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်- အစိတ်အပိုင်း(၁)မှ  အခန်း(၅)ပါ  ဝန်ခံကတိပြုချက် တို့ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

KIO/KIAလက်နက်ကိုင်တပ်ဖွဲ့သည် စတင်ဖွဲ့စည်းတည်ထောင်သည့် ကာလမှစ၍ ရှမ်းနီတိုင်းရင်းသားများ အပေါ်တွင် လက်နက်ဖြင့် အဓမ္မအနိုင်ကျင့်လျက် နှိပ်စက်သတ်ဖြတ်ခဲ့သည်မှာ ၁၉၇၆ခုနှစ်၊ နိုဝင်ဘာလ(၇)ရက် တွင်ဖြစ်ပွားသည့် မိုးညှင်းမြို့ အရှေ့စု လူသတ်ပွဲ၊ ၁၉၉၀ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နှင့် (၂၃)ရက်တို့တွင် ဖြစ်ပွား သည့် စပေါ့မှော်လူသတ်ပွဲများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိခဲ့ပြီး ယခုစစ်တပ်က အာဏာသိမ်းထားသည့် ကာလတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီအရေခြုံလျက် လူမျိုးရေးပဋိပက္ခဖြစ်စဉ်များကို နားမလည်သည့် PDFတပ်ဖွဲ့များကို မြှောက်ပင့်ကာ ရှမ်းနီတိုင်းရင်းသားများအပေါ် ထပ်မံဖိနှိပ် စော်ကားလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)