KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ Drop Bomb များ ပစ်ချဖောက်ခွဲ၊ အပြစ်မဲ့ဒေသခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ Drop Bomb များ ပစ်ချဖောက်ခွဲ၊ အပြစ်မဲ့ဒေသခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ ဖေဖော်ဝါရီ  ၂၂

KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ အတွင်းသို့ Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံး ကိုလည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံးကို လည်းကောင်း အသီးသီးပစ်ချဖောက်ခွဲခဲ့ရာ ဗုံးသီးများမှာ ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။


ထိုသို့ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကျေးရွာအတွင်းသို့ ဆင်ခြေတုံတရားမဲ့စွာ Drop Bomb များ ပစ်ချဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား တရားဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)