ကရင်ပြည်နယ်၊ ဝေါလေနယ်ရှိ KNLA/PDF စခန်းတစ်ခုအား နယ်မြေရှင်းလင်းရေးစစ်ကြောင်းက ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်၊ ဝေါလေနယ်ရှိ KNLA/PDF စခန်းတစ်ခုအား နယ်မြေရှင်းလင်းရေးစစ်ကြောင်းက ရှင်းလင်းဖယ်ရှား


MNP ၊ ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ်၊ ဝေါလေနယ်တွင် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသော KNLA/PDF အကြမ်းဖက်စခန်း တစ်ခုအား ယမန်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေး စစ်ကြောင်းနှင့် KNLA/PDF အကြမ်းဖက်သမားများ ထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမားများ အကျအဆုံးများစွာဖြင့် အထိနာဆုတ်ခွါသွားကြပြီး အဆိုပါ အကြမ်းဖက်စခန်းမှ အမ် ၂၂ သေနတ် ၁ လက်၊ အမ် ၂၁ သေနတ် ၁ လက်၊ ပွိင့် ၂၂ သေနတ်(မှန်ပြောင်းပါ) ၁ လက်၊  ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ Drone ၁ စီး၊ 4 wheels ယာဉ် ၁ စီး၊ ဆိုင်ကယ် ၁ စီး တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)