ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ်တံတားအား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ်တံတားအား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး


MNP ၊ ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ် တံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ သံကူကွန်ကရစ်အမျိုးအစား(ဒေသအခေါ်)တောင်ဘို့ ၃ လုံးတံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါတံတား၏ အရှေ့ဘက်လက်ရမ်းနှင့်ကြမ်းခင်းတို့တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)