ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနရှိ (Mini Museum) ပြတိုက်ငယ်သို့ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားစွာလာရောက်လေ့လာလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနရှိ (Mini Museum) ပြတိုက်ငယ်သို့ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားစွာလာရောက်လေ့လာလျက်ရှိ





MNP   -   ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ( Mini Museum) ပြတိုက်ငယ်သို့  ပေါက်တောမြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။


 ပြတိုက်ငယ်( Mini Museum) တွင် ခင်းကျင်းပြသထားသော မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ရခိုင်တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များ၊ဓညဝတီခေတ်မှမြောက်ဦးခေတ်အထိရခိုင်ဗောင်းတော်များ၊ ရခိုင်ဘုရင်များခေတ်အဆက်ဆက်အသုံးပြုခဲ့သည့်ရခိုင် ဒင်္ဂါးများ၊ ရခိုင်တိုင်းရင်းသား ယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများ၊ ရခိုင်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ရခိုင်ဘာသာ ဖြင့် ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ မြို့နယ်အတွင်းရှိ အထင်ကရ ဂူဘုရားသမိုင်းများ အကြောင်းများကိုခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြပြီး သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းကြရာ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ရှင်းလင်းပြောကြားသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)