MNP - ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့ နေ့လည်ပိုင်းက ရွေ့ လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်ကော်မ ရှင်ရုံးသို့ သွားရောက် ၍ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းခဲ့သည်။
ထိုသို့စာဖတ်ရှိန်မြှင့်တင်ရေးအတွက်စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတ များတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ် ၍ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊မဂ္ဂဇင်း/စာစောင် စသည့်စာအုပ်များဖြင့် ကွင်းဆင်းဆောင်ရွက် ငှားရမ်းခဲ့ကြသည်။
အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် Mobile Library စနစ်ဖြင့်ကွင်းဆင်းဆောင် ရွက်ခြင်းကို အပတ် စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment