မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ mobile1 ဖုန်းဆိုင်အား PDF အကြမ်းဖက်သမားများက ဓားပြတိုက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ mobile1 ဖုန်းဆိုင်အား PDF အကြမ်းဖက်သမားများက ဓားပြတိုက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေး



MNP ၊ ဖေဖော်ဝါရီ ၂၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရန်ကင်းရပ်ကွက်ရှိ mobile 1 ဖုန်းဆိုင်အား ယမန်နေ့ ညနေ ၄နာရီခွဲဝန်းကျင် အချိန် PDF အကြမ်းဖက်သမားများက ဓားပြတိုက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေးသွားကြောင်း သိရသည်။

မုံရွာမြို့၊ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းရှိ mobile 1 ဖုန်းဆိုင်သို  PDF အကြမ်းဖက်သမား ၂ဦးက လက်ပစ်ဗုံး ၂ လုံးအား ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား အော်ဟစ်ဆဲဆို ခြိမ်းခြောက်ကာ ဆိုင်ကောင်တာရှိ ဖုန်း ၁၅ လုံးနှင့် ဖုန်းရောင်းရငွေ ၅ သိန်း ကျပ်ခန့်အား အိတ်အမဲထဲသို့ စုထည့်ယူဆောင်၍ ဆိုင်အတွင်းရှိ ဖုန်းပြုပြင်ရေး Service ခန်းအတွင်းသို့ လက်ပစ်ဗုံး ၁ လုံးအား ပစ်ချဖောက်ခွဲကာ ဖုန်းဆိုင်နောက်ကျော လူနေအိမ်လမ်းကြားမှတဆင့် ထွက်ပြေးသွားကြောင်း သိရသည်။ 

PDF အကြမ်းဖက်သမားများ ထွက်ပြေးသွားသော လမ်းကြားအတွင်း၌ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဖုန်းဆိုင်မှ ယူဆောင်သွားသည့် ဖုန်း ၁၅ လုံးနှင့် ငွေ ၅ သိန်းကျပ်တို့ထည့်ထားသည့် အိတ်အမဲအားပြန်လည် တွေ့ရှိခဲ့ ကြောင်း၊ PDF အကြမ်းဖက်သမားများ၏ လက်ပစ်ဗုံး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးမှာ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး တာဝန်ရှိသူများက လူမှုကူညီရေးယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)