သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သံတွဲမြို့နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများဖြင့်စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သံတွဲမြို့နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများဖြင့်စည်ကားလျက်ရှိ



MNP   -  ဖေဖေါ်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သံတွဲမြို့နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် စင်တင်တေးဂီတ ဖျော်ဖြေပွဲကို ဖေဖေါ်ဝါရီ ၉ရက်နေ့မှ ၁၃ ရက်နေ့အထိ သံတွဲမြို့မအားကစားကွင်း၌ ကျင်းပလျက် ရှိရာ လာရောက်ကြည့်ရှုအားပေးသည့် ပြည်သူများဖြင့်စည်ကားလျက်ရှိသည်။


အဆိုပါ သံတွဲမြို့နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲတွင် ဌာနဆိုင်ရာများ ၊ ဒေသခံ စီးပွါးရေးလုပ်ငန်းရှင်များ၏ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွါးရေးလုပ်ငန်းများ၏ ဒေသထုတ်ကုန်များ ၊ ဈေးအရောင်းဆိုင်ခန်းများ စုစုပေါင်း ၃၀ ကျော်၊ ရခိုင်ရိုးရာဒေသမုန့်မျိုးစုံများအား ခင်းကျင်းပြသ  ရောင်းချ လျက်ရှိသည့်အပြင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံ ဝါသနာရှင်များ၏ STAR MUSIC BANDနှင့် The One Music Band စင်တင်တေးဂီတအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု များဖြင့်အထူးစည်ကားလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)