နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သက်တမ်း (၂)ပြည့် ဂုဏ်ပြုပွဲမှာ မိတ်ဆွေတစ်ယောက်က ဟောပြောပေးဖို့ ခေါ်တဲ့အတွက် သွားရောက် ဟောပြောဖြစ်ခဲ့ပါတယ်။ နစကအစိုးရလက်ထက်မှာ ထူးဆန်းတာက ထောက်ခံတဲ့ ပြည်သူတွေက မိမိတို့ဆန္ဒအလျှောက် ထောက်ခံဂုဏ်ပြုတာကိုပဲ ပိတ်ပင်တားဆီးချင်သူတွေက ရှိနေသေးတယ်။ ခေါက်ရိုးကျိုး အတွေးတွေနဲ့ ဟိုလို မလုပ်နဲ့၊ ဒီလို မလုပ်နဲ့ ဆရာကြီးတွေပေါ့ဗျာ။ သူတို့ကတော့ ရထားတဲ့ နေရာလေးမှာ အကြမ်းဖက်နှိမ်းနင်းရေးလည်း အလေးမထားဘူး။ နေရာလေး ပျောက်မသွားအောင် အထက်က ဖိအားပေးတာမျိုး မခံရဖို့လောက်သာ အတွေးရှိတဲ့ အုပ်ချုပ်သူတွေ ရှိနေတာကိုလည်း သံဝေဂဖြစ်မိပါတယ်။
ဟောချင်လွန်း ပြောချင်းလွန်းလို့ မဟုတ်ဘူးဗျာ။ PDF အကြမ်းဖက်သမားတွေ ကို ကန့်ကွက်တယ်၊ ရှုတ်ချတယ် ဗျာ လာသတ်ရဲလားလို့ စိန်ခေါ်တာပဲ။ ရှင်းရှင်းပြောတာ။ တော်လှန်ရေးသမားလို့ အမည်ခံထားတဲ့ PDF သူယုတ်မာများဟာ သူတို့ကို ကန့်ကွက်ရှုတ်ချနေတဲ့ ကျုပ်လို လူမျိုးကို မသတ်နိုင်ဘူး။ တပ်မတော်ကို တော်လှန်ဖို့ အဝေးကြီး။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လိုက်ပြီး လုပ်ကြံသတ်ဖြတ်နေလို့ ပေါ်တင် ကန့်ကွက်ရှုတ်ချကြောင်း ပြောတာပဲ။ သူတို့က အသံတိတ်သပိတ်လို့ လှုံ့ဆော်နေတဲ့ အချိန်မှာ ကျုပ်တို့က သူတို့လမ်းညွှန်သလို အသံတိတ်နေရင် သူတို့ကို ကြောက်သလို ဖြစ်နေမှာပေါ့။
ဟောပြောတဲ့အချိန်မှာလည်း တပ်မတော်က ဘာကြောင့် တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရသလဲ ဆိုတာကိုပဲ အလေးထားပြီး ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တယ်။ နိုင်ငံရေးပါတီများနဲ့ တပ်မတော်က ဖြေရှင်းဆောင်ရွက်ဖို့ အကြိမ်ကြိမ်တိုက်တွန်းတယ်။ မဖြေရှင်းဘဲနဲ့ အစိုးရသစ်ဖွဲ့ဖို့ အပူတပြင်း လုပ်ဆောင်ခဲ့တဲ့ အခြေအနေမှာ တပ်မတော် က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်း ရယူခဲ့ရတယ်။ တပ်မတော်က ဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနဲ့ ပူးပေါင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီးပြီ ဆိုကတည်းက ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ထားတဲ့အထဲမှာ "အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။" ဆိုတာကို အတိအလင်း ချပြခဲ့ပြီးပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့သာ ဒီမိုကရေစီစံနှုန်းတွေကို အလေးထားပြောဆိုနေတာပါ။ NLD အစွန်းရောက် နိုင်ငံရေလုပ်စားသူတွေဟာ အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့အနေ့ကစပြီး လုပ်ဆောင်သမျှဟာ ဒီမိုကရေစီစံနှုန်းနဲ့ တစ်ချက်တောင် မညီညွတ်ပါဘူး။ ဟောပြောပွဲမှာလည်း ဒါကို ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။ ဒီမိုကရေစီစံနှုန်း(၁၃) ချက်ကို လေ့လာကြည့်ပါ။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ ညီညွတ်တဲ့ လုပ်ရပ်တစ်ချက်ရှိရင် ကျွန်တော့်ကို လည်လာဖြတ်ပါလို့ သစ္စာဆိုပြီး ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁)ရက်နေ့ ညပိုင်းမှာ ကာလုံအစည်းအဝေးက ထုတ်ပြန်ချက်တွေ ထွက်လာတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တင်ပြခဲ့တာက NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ဆူပူအကြမ်းဖက်နည်းနဲ့ ရယူဖို့ ကြိုးပမ်းနေကြတယ်ဆိုတာကို တွေ့ရတယ်။ ၂၀၂၀ တုန်းက မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မသမာသောနည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းတယ်။ မရခဲ့ဘူး။ အာဏာလက်မဲ့ဖြစ်ပြီးနောက်ပိုင်း ဆူပူအကြမ်းဖက်နည်းနဲ့ ရယူဖို့ ကြိုးပမ်းလာတယ်။ နစက ဥက္ကဋ္ဌ က ကာလုံအစည်းအဝေးမှာ အဲဒီလို တင်ပြတဲ့အခါကြတော့ ပုဒ်မ (၄၁၇)နဲ့ ပြန်ပြီး အကြုံးဝင်နေပြန်ရော။ ဥပဒေပုဒ်မတွေက တစ်ကြိမ်သာအသုံးပြုခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထာတာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အခြေအနေအရ လိုအပ်ရင် ဒီပြဋ္ဌာန်းချက်တွေလည်း ပြန်လည်အသုံးပြုလို့ ရနေတဲ့သဘောကို တွေ့ရတယ်။ သို့ပေသော် ကာလုံအဖွဲ့က သာမန်အခြေအနေမဟုတ်သေးတဲ့အကြောင်း ဆွေးနွေးကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
ကာလုံအစည်းအဝေးအပြီး ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေထဲမှာ ကျွန်တော် အလေးထားစောင့်ကြည့်နေတဲ့ ကိစ္စက NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူတွေဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ဘယ်လောက်တောင် သတ်ခဲ့ပြီးပြီလဲ။ ထွက်ပေါ်လာတဲ့ စာရင်းများအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့အထိ CRPH,NUG, PDF အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုကြောင့် အစိုးရဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်၊ ရဟန်းသံဃာ၊ ကလေးငယ်၊ အပြစ်မဲ့ ပြည်သူပေါင်း (၅၄၄၃)ဦး အထိ သေဆုံးခဲ့ရတယ်။ ဒီအရေအတွက်ဟာ ဒီခေတ်အခါမှာ ဘယ်လိုအစွန်းရောက် အကြမ်းဖက်အဖွဲ့မျိုးကမှ ဒီလောက်အထိ လူပေါင်း ထောင်ချီသတ်ခဲ့တဲ့ မှတ်တမ်းမရှိဘူး။ NLD အစွန်းရောက်တွေကတော့ မဲလိမ်မဲခိုးစဉ်ကလည်း ကမ္ဘာ့စံချိန်တင် ဂရင်းနစ်စံချိန်ဝင် (၁၁.၃)သန်း ဆိုတဲ့ အရေအတွက်ကို ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ ခိုးပြီး တိုင်းပြည်ရဲ့ အာဏာကို ရယူဖို့ ကြိုးစားတယ်။ မရတဲ့အခါ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ပြီး အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားတယ်။ မရပါဘူး။ ပြည်သူလူထုကို ချနင်းပြီး အာဏာရမ္မက်ထလို့ မရပါဘူ။
နောက်တစ်ချက်က NLD အုပ်စုဟာ တပ်မတော်အစိုးရ၊ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်တွေမှာ နိုင်ငံရေးအောက်လုံးထိုးမှု အနေနဲ့ သူခိုးတွေဆိုတဲ့ စကားလုံးကို သုံးခဲ့တယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ နီပိန်းစာရေးဆရာ အကြည်တော် ကတောင် သူခိုး စာအုပ်ထုတ်ပြီး သရော်ခဲ့တာ ရှိတယ်။ အဲဒီစာရေးဆရာ မသေခင်ကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ NLD မဲသူခိုးကြီးများအကြောင်း၊ တိုင်းပြည်ဘဏ္ဍာခိုးသူများအကြောင်း ရေးပါအုံးလို့ တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်ပိတ်ဆိုတော့လည်း NLD သူခိုးတွေအကြောင်း ရေးမသွားရှာဘူး။
NLD က ဘယ်လောက်တောင်ခိုးခဲ့လို့လဲ အကျဉ်းချုပ်ပြောရရင် "ကျွန်မ ခွင့်မလွှတ်နိုင်တဲ့ အလုပ် ၂ခုကတော့ လူမှုရေးဖောက်ပြန်တာနဲ့ အဂတိလိုက်စားမှုပဲ" လို့ ပြောခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု အဂတိလိုက်စားမှု (၉)မှု အမေရိန်ဒေါ်လာ (၄)သန်းကျော်နှင့် မြန်မာကျပ်ငွေ (၄၉၂၀၆)သန်းကျော် အလွဲသုံးစားလုပ်ခဲ့တယ်။ သမ္မတဟောင်း ဦးဝင်းမြင့် အဂတိလိုက်စားမှု (၅)မှု အမေရိကန်ဒေါ်လာ (၄)သန်းကျော် နှင့် မြန်မာကျပ်ငွေ (၂၃၀၄၈)သန်းကျော် အလွဲသုံးစားလုပ်ခဲ့တယ်။ NLD ဗဟိုအလုပ်မှုဆောင် ၈ဦး ပါအဝင် NLD အစိုးရလက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများရဲ့ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်က နစ်နာဆုံးရှုံးခဲ့ရတဲ့ ပမာဏက အမေရိကန်ဒေါ်လာ (၁၃)သန်းကျော် နှင့် မြန်မာကျပ်ငွေ (၃၆၁)ဘီလီယံကျော် ရှိခဲ့ပါတယ်။
တိုင်းပြည် အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီး ပြည်ဖျက်လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတယ်။ KNU, KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံမှာ လူငယ်တွေကို နိုင်ငံရေးမှိုင်းတိုက်ပြီး အကြမ်းဖက်သင်တန်းပေးခဲ့တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ အထိ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု ၄၉၇၁ ခု၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၈၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉၆၈၆ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃၁ကြိမ်၊ စုစုပေါင်း အကြမ်းဖက်မှု ၁၉၄၄၄ ကြိမ် အထိ ကျူးလွန်ခဲ့ကြပါတယ်။
NLD အစွန်းရောက် အကြမ်းဖက်သမားများထံမှ ဖမ်းဆီးရမိ လက်နက်ခဲယမ်းများ အနေနဲ့ လက်နက်မျိုးစုံ ၁၇၆၉၇ လက်၊ လက်လုပ်ဗုံး/ မိုင်း ၂၇၂၃၁ လုံး၊ ခဲယမ်း (ကျည်ဆံ)မျိုးစုံ ၁၃၈၂၆၆၇ တောင့် အထိ သိမ်းဆည်းရမိခဲ့တာ ရှိပါတယ်။ NLD အစွန်းရောက်တွေ လက်ထဲမှာ လက်နက်ခဲယမ်းက မကုန်သေးပါဘူး။ သူတို့လက်ထဲမှာ လက်နက်ခဲယမ်း ရှိနေသေးတဲ့အတွက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုတွေ ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။ အကြမ်းဖက်အားပေး အမေရိကန်ကလည်း NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် NLD အစွန်းရောက်တွေ အရှိန်အဟုန်မပျက် အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်နေတာကို တွေ့မြင်ကြရမှ ဖြစ်ပါတယ်။
NLD အစွန်းရောက် အကြမ်းဖက်သမားတွေ အနေနဲ့ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါအဝင် ၅၄၄၃ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတဲ့အပြင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၄၅၇၇ ဦး အထိ ရှိခဲ့ပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုအနေနဲ့ ကားလမ်းများ ၁၀၂၁ကြိမ်၊ ရထားလမ်း ၆၆ကြိမ်၊ တံတား ၁၃၇ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ကြိမ် အထိ ရှိခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးမှု ကားလမ်း ၅၈ကြိမ်၊ တံတား ၁၂ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ကြိမ် အထိ ရှိခဲ့ပါတယ်။
NLD ဦးဆောင်သူတွေရဲ့ အဂတိလိုက်စားမှု၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ဆူပူအကြမ်းနည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းရာမှာ ဖောက်ခွဲဖျက်ဆီးမှု၊ မီးရှို့ဖျက်ဆီးမှုတွေကို တွက်ဆကြည့်လိုက်ရင် တိုင်းပြည်များစွာနစ်နာဆုံးရှုံးခဲ့ရတာကို တွေ့မြင်နားလည်ကောင်းပါရဲ့။ ဒေါ်အောင်ဆန်းစုကြည် ကို ချစ်တဲ့စိတ်နဲ့ အားပေးတာ အပြစ်မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်ပြီး တိုင်းတပါးသြဇာခံ တိုင်းဖျက် ပြည်ဖျက် နိုင်ငံရေးလုပ်စားသူတွေရဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းတွေဟာ ပြည်သူတွေအတွက် ကောင်းကျိုးရလာဒ် ဘာများ ရှိခဲ့သလဲ။ ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ခုတုန်းလုပ် ပြည်သူကို ချနင်းပြီး အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နောက်ကို လိုက်ပါ မိုက်မဲနေကြမယ်ဆိုရင်ဖြင့် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment