၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ကြွေးကျန်(NPL)ကျဆင်းရေးနှင့်ရာနှုန်းပြည့် ပြေကြေနိုင်ရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း၊ကြွေးကျန်(NPL)ကျဆင်းရေးနှင့်ရာနှုန်းပြည့် ပြေကြေနိုင်ရေး တွေ့ဆုံဆွေးနွေး





MNP   -   ဖေဖေါ်ဝါရီ ၁၉

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ သည်တောင်ကုတ်၊ကျောက်ဖြူ၊မာန်အောင်နှင့်အမ်းမြို့နယ်များမှဘဏ်ခွဲတာဝန်ခံများနှင့်တွေ့ဆုံ၍ ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးစိုက် တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီ ထုတ်ချေး နိုင်ရေးအတွက် ကြွေးဟောင်း၊ကြွေးကျန် ((NPL)ကျဆင်းရေးနှင့်ရာနှုန်းပြည့် ပြေကြေနိုင်ရေးဆွေးနွေးပွဲကို ယနေ့ ညနေ (၄)နာရီခွဲအချိန်က တောင်ကုတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ၌ကျင်းပသည်။


ရှေ့ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ က တောင်သူလယ် သမား ဦးကြီးများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ် ထုတ်ချေးပေးလျက်ရှိကြောင်း ၊ တောင်သူဦးကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအား အချိန်မီ ပြေကြေစွာ ပေးဆပ်ပြီးနောက် ချေးငွေသစ် ထပ်မံရယူခဲ့ကြကြောင်း၊ ယခုနှစ် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးနိုင်ရေးအတွက် ကြွေးဟောင်း ၊ ကြွေးကျန်((NPL)ကျဆင်းရေးနှင့်ရာနှုန်းပြည့် ပြေကြေနိုင်ရန်လိုအပ်ကြောင်းဆွေးနွေးပါသည်။


ဆက်လက်၍ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးနှင့်ပြည်နယ်မန်နေဂျာ ဦးဘကျော်တင် တို့က ထုတ်ချေးငွေများ ကောက်ခံရရှိရေးကိစ္စများဆွေးနွေးပြီးနောက် တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး တို့က ကြွေးဟောင်း၊ ကြွေးကျန် များရာနှုန်းပြည့် ကောက်ခံရရှိ‌ရေးဆွေးနွေးသည်။


ထို့နောက် တောင်ကုတ်မြို့နယ် ၊ ကျောက်ဖြူမြို့နယ် ၊ မာန်အောင်မြို့နယ်နှင့်အမ်းမြို့နယ် ဘဏ်ခွဲ မန်နေဂျာများက ချေးငွေများ ကောက်ခံရရှိမှု အခြေအနေ နှင့် ဆက်လက်ကောက်ခံမည့်အခြေအနေများကို တင်ပြသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ မန်နေဂျာများနှင့်ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)