NUG ၊ PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁၄၃ဦး သေဆုံး၊ ၃၉၂ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG ၊ PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁၄၃ဦး သေဆုံး၊ ၃၉၂ဦး ထိခိုက်ဒဏ်ရာရ


MNP ၊ ဖေဖော်ဝါရီ ၂၄

၂၀၂၀ ရွေးကောက်ပွဲကြီးတွင် အာဏာရ NLD ပါတီအနေဖြင့် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇) အရ တပ်မတော်ကို အာဏာအရပ်ရပ် လွှဲပြောင်းပေးခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စ၍ NLD ဦးဆောင်သူများက CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်း၍ အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ NLD ဦးဆောင်သူများ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကလေးငယ် ၁၄၃ ဦး အထိ သေဆုံးခဲ့ရပြီး၊ ၃၉၂ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် သံဃာတော်များ၊ တပ်မတော်မိသားစုဝင်များ၊ ဆရာ/ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူများကို ပစ်မှတ်ထား၍ အမျိုးသမီးများ၊ ကလေးငယ်များပါ မချန် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ စစ်တမ်းများအရ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော CRPH, NUG, PDF အဖွဲ့မျိုးစုံ၏ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၄၄၃ ဦး အထိ သေဆုံးခဲ့ရသည်။

NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလှုံ့ဆော်သူများနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုဖြင့် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေကြသော PDF အကြမ်းဖက်သမားများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း မိုင်းဆွဲတိုက်ခိုက်မှုများ၊ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေကြဆဲဖြစ်ပြီး လှည်းကူးမြို့ပေါ်တွင် အသက် (၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် (၅)ဦး ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ကျိုက်ထိုမြို့နယ်တွင် ကျောင်းအုပ်ဆရာမတစ်ဦးကို ၂၃-၃-၂၀၂၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်ကြသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)