တောင်သူများအား ဗုံးကျဲချ တိုက်ခိုက်ရန်လာသည့် PDF အကြမ်းဖက်သမား၏ Drone နှစ်စီး ပစ်ချဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူများအား ဗုံးကျဲချ တိုက်ခိုက်ရန်လာသည့် PDF အကြမ်းဖက်သမား၏ Drone နှစ်စီး ပစ်ချဖမ်းဆီး





MNP ၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကံရိုးကျေးရွာ မူးကမ်းပါးတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူများအား ဗုံးကျဲချတိုက်ခိုက်ရန် လာသည့် PDF အကြမ်းဖက်သမားများ၏ Drone နှစ်စီးကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပစ်ချဖမ်းဆီးနိုခဲ့ကြောင်း သိရသည်။

ဆရာတော်က "PDF အကြမ်းဖက်မားတွေက Drone နဲ့ ဗုံးချတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်ပါတယ်။ တောင်သူတွေကို တိုက်ခိုက်တာမျိုး ရှိသလို စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေပေါ်ကိုလည်း ပစ်ချတာမျိုးတွေ ရှိပါတယ်။ အခု သူတို့ရဲ့ Drone ၂စင်း ပစ်ချနိုင်ခဲ့ပါတယ်။ ယခင်က ပစ်ချဖမ်းဆီးနိုင်ခဲ့တာ ၉စီး ရှိပါတယ်။ ၁၁ စီး ဖမ်းဆီးရမိခဲ့ပါပြီ။ ဆရာတော်အနေနဲ့ကတော့ အတတ်နိုင်ဆုံး ရွာသူရွာသားတွေ အကြမ်းဖက်ဘေးအန္တရာယ်က ကင်းဝေးစေဖို့ကိုပဲ အလေးထားပြီး ဆောင်ရွက်ပေးပါတယ်။ PDF အကြမ်းဖက်သမားတွေကိုလည်း အသိတရားရချိန်တန်ပြီ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်ပြီး အတိဒုက္ခရောက်အောင် လုပ်နေလို့ ဘာမှ ထူးခြားမလာဘူး။ အသိတရားရသင့်ပြီ။ ရက်စက်ယုတ်မာ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့ ပြောချင်ပါတယ်။" ဟု မိန့်ကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် KIA/PDF အကြမ်းဖက်သမားများအနေဖြင့် Drone များအသုံးပြု၍ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများအပေါ် Drop Bomb ကျဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ 


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)