MNP ၊ ဖေဖော်ဝါရီလ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်အနီး ယမန်နေ့ နေ့လည် ၁နာရီခွဲခန့်တွ် PDF အကြမ်းဖက်သမားများက Drone ဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်အနီးတွင် PDF အကြမ်းဖက်သမားများက Drone ဖြင့် ဗုံးများ ချိတ်ဆွဲ၍ ၎င်းရပ်ကွက်အနီးတွင် ပစ်ချတိုက်ခိုက်ခဲ့ရာ လမ်းသွားလမ်းလာ ပြည်သူ ၁ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး တာဝန်ရှိသူများက မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment