ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၁ ဦးအား မိုင်းဆွဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၁ ဦးအား မိုင်းဆွဲတိုက်ခိုက်


၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၁ ဦးအား ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်သဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာအုပ်စု၊ ကံပေါက်ကျေးရွာအနီးတွင် မိသားစုစားဝတ်နေရေးအတွက် ရိုးသားစွာ အလုပ်ကိုင်စားသောက်နေသော အပြစ်မဲ့ပြည်သူ ၁ ဦး လယ်ယာလုပ်ကိုင်ပြီးပြန်လာစဉ် ၎င်းကျေးရွာအနီး အရောက်တွင် PDF အကြမ်းဖက်သမားများက  မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သော အပြစ်မဲ့ပြည်သူ ၁ ဦးအား ဒေသခံများက ကျွန်းလှမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)