ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံ တရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံ တရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိ

MNP ၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့  PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ် စိန်ပြောင်းများဖြင့် ဆင်ခြင်တုံ တရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး နှင့် ကလေးငယ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ခေါပြင်ချောင်းတံတားအနီးမှနေ၍ ကောလင်းမြို့နယ်၊ ကျော်ဇေယျာ ရပ်ကွက်အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေသည့် သုနန္ဒာရာမ ဘုန်းကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့်  ကိုရင် ရှင်အာသဖ (၁၄)နှစ်၊ ဝါတော် ၂ ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ် နှင့် မောင်ဝေလင်းအောင် (၁၄)နှစ် တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက် များအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ရွှေတောင်ကျေးရွာအနီးနှင့် လွှဲတဲကျေးရွာ ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စိန်ပြောင်းဗုံးသီးများသည် မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့ နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီးဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါဘုန်းကြီးကျောင်းရှိ ကိုရင်ကြီး ဥူးဝီရီယ(ခ) ဦးဝင်းအောင်သန်း(၄၀)နှစ် တွင် ဗုံးသီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အအုံနှင့် လူနေရပ်ကွက်များ အတွင်းသို့ ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့ မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦးတို့အား ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)