ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိ


MNP   -   ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး နှင့် ကလေးငယ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ခေါပြင်ချောင်း တံတားအနီးမှနေ၍ ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေသည့် သုနန္ဒာရာမ ဘုန်းကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂) ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း စာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စာသင်ဆောင် အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ (၁၄)နှစ်၊ ဝါတော် ၂ ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး (၁၃) နှစ်နှင့် မောင်ဝေလင်းအောင် (၁၄) နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


အလားတူ မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက် များအတွင်းသို့ PDF အမည်ခံအကြမ်းဖက် သမားများက ရွှေတောင်ကျေးရွာအနီးနှင့် လွှဲတဲကျေးရွာဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် စိန်ပြောင်းဗုံးသီးများသည် မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီး ဘုန်းကြီးကျောင်း အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါဘုန်းကြီးကျောင်းရှိ ကိုရင်ကြီး ဥူးဝီရီယ(ခ) ဦးဝင်းအောင်သန်း(၄၀)နှစ်တွင် ဗုံးသီးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အအုံနှင့် လူနေရပ်ကွက်များ အတွင်းသို့ ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦးတို့အား ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)