ဘုတ်ပြင်းမြို့နယ်အတွင်း၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်အတွင်း၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦးသေဆုံး




MNP ၊ ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း NUG ၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးမင်းမင်းချမ်း မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနှင့် ခဲချောင်းကျေးရွာလမ်းဆုံသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသမီး ၁ ဦးနှင့် အသက် ၉ နှစ်အရွယ် ယောကျ်ာလေး ၁ ဦးတို့တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်းလက်တွဲကာ  လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)