ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) “ကျီးရိုး”ရိုးချောင်းတံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) “ကျီးရိုး”ရိုးချောင်းတံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး




MNP ၊ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်း တံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) မိုင်တိုင် အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်းတံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းသမားများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှု ကြောင့် အလျား ၃၅ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၁၀ ပေ၊ ယာဉ်သွားကတ္တရာလမ်းအကျယ် ၄၈ ပေခန့်ရှိ သံကူကွန်ကရစ်တံတား၏ ဝဲ/ယာဘက်ရှိ လက်ရမ်း ၂ ခုမှစ၍ တံတားကြမ်းခင်းရှိ အနံ ၅ ပေခန့်စီမှာ တံတားအလျားအတိုင်း ကွဲအက်ပြိုကျပျက်စီးခဲ့ပြီး တံတားထိပ်နှစ်ဖက်ရှိ ချဉ်းကပ်လမ်းအစပ် တစ်လျှောက် ၁ လက်မခန့်ကွာဟခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)