ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသူများဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသူများဖမ်းမိ


MNP ၊ ဖေဖော်ဝါရီလ ၂၂ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသော လူငယ်များကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ပခုက္ကူ-မြိုင်ကားလမ်းတွင်  အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် လူ/ယာဉ်ဝင်ထွက်များ စစ်ဆေးနေစဉ် ပခုက္ကူမြိုဘက်မှ မြိုင်ဘက်သို လမ်းလျှောက်ထွက်လာသော ကျော်ဇော်ဟိန်းနှင့် ရဲလင်းအောင်တို့အား စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲများက ဖမ်းဆီးစစ်ဆေးခဲ့သည်။

အဆိုပါ တရားခံ ၂ ဦးအား စစ်ဆေးမေးမြန်းခဲ့ရာ ဆက်စပ်တရားခံ ဖြစ်သည့် ဖိုးသင်္ကြန်မှာ PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း သိရှိရသဖြင့် ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သော ၎င်းနေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)