လှည်းကူးမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ၃နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် ၅ဦးကို ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် PDF အကြမ်းဖက်သမားများက ၃နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် ၅ဦးကို ရက်စက်စွာ သတ်ဖြတ်



MNP ၊ ဖေဖော်ဝါရီ ၂၂

လှည်းကူးမြိုနယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်းရှိ နေအိမ် တစ်ခုအား ၂၂-၂-၂၀၂၃ ရက်နေ့ ည ၈ နာရီ ဝန်းကျင်တွင် PDF အကြမ်းဖက်သမားများက ဆိုင်ကယ်ဖြင့် ဝင်ရောက်လာပြီး ကလေးငယ်တစ်ဦး အပါအဝင် မိသားစု ၅ဦး စလုံးကို ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမား ၄ ဦး မှ ဆိုင်ကယ် ၂ စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ရှိ ငါးခြောက်၊ ပုစွန်ခြောက်အွန်လိုင်းရောင်းဝယ်သူ ဒေါ်စန်းနွဲ့၊ သားဖြစ်သူ ကိုမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊ မဝင်းနွယ်၏ သား အသက်သုံးနှစ်အရွယ်ကလေးနှင့် အိမ်သို့လာရောက်လည်ပတ်နေသူ အသက် ၈၅ နှစ်ရှိ ဦးလေးတို့ ၅ဦးလုံးကိုရက်စက်စွာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

အချင်းဖြစ်ပွားရာသို့ တာဝန်ရှိသူမျး သွားရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)