လောင်းလုံမြို့ရှိ မြို့နယ်သစ်တော ဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံမြို့ရှိ မြို့နယ်သစ်တော ဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


နေပြည်တော်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ရှိ မြို့နယ်သစ်တောဦးစီး ဌာနရုံးအား ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ လောင်းလုံမြို့ရှိ မြို့နယ် သစ်တောဦးစီးဌာနရုံးသို့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ရုံးအဆောက်အဦအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီးဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာဆောက်လုပ်ထားသည့် ရုံးတစ်ထပ် အဆောက်အဦ ၁ လုံး၊ ရုံးအတွင်း ထားရှိသည့် ကွန်ပျူတာ ၂ လုံး၊ ပရင်တာ ၃ လုံး၊ သစ်ဖြတ်စက်(Chain Saw) ၁ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။


ထိုသို့ မြို့နယ်သစ်တော ဦးစီးဌာနရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား  ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များက လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)