ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်


MNP ၊ ဖေဖော်ဝါရီ   ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျား ကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း(တဂေးချောင်းဖျား)မှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာမူလ တန်းကျောင်း(တဂေးချောင်းဖျား)တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ် ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦး သည် ဆရာမ ၆ ဦးနှင့်အတူ ကျောင်း၌ရှိနေစဉ် ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦး အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ အဆိုပါကျေးရွာအနီးရှိ တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေး၌ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။


ယခုကဲ့သို့ ကျောင်းအုပ်ဆရာမကြီးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် သက်ဆိုင်ရာ တည်ဆဲဉပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)