ကျောက်မြောင်းမြို့နယ်၊ ဆိပ်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မြောင်းမြို့နယ်၊ ဆိပ်သာကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများရရှိ



MNP ၊ ဖေဖော်ဝါရီ ၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့နယ်၊ ဆိပ်သာကျေးရွာအနီးတွင် ယမန်နေ့ ညနေပိုင်းက လုံခြုံရေးအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမားများကို အသေဖမ်းဆီးရမိ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်မြောင်းမြို့နယ် ဆိပ်သာကျေးရွာ အနီးတွင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် အများပြည်သူများ ရိုးသားစွာ ရှာဖွေ လုပ်ကိုင်နေထိုင်မှုတို့ကို လိုလားမှုမရှိသော PDF အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်းကို အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လာမည်ကို မလိုလားကြသော အများပြည်သူများ၏ သတင်းပို့တင်ပြလာမှုကြောင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေ ကြသော လုံခြုံရေးအဖွဲ့ဝင်များသည် သွားရောက်ရှင်းလင်းခဲ့ရာ pdf အကြမ်းဖက်သမားများ  ကြောက်လန့်ပြီး ထွက်ပြေးသောကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရသည်။

အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၂ဦး (အသေ)၊ KIA ထုတ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊  ကျည် ၁၀ တောင်၊ လက်လုပ် ၄၀ မမ ၁ လက်၊ လက်လုပ် ၄၀ မမ ဗုံးသီး ၄ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံး တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)