ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်တွင် နိုင်ငံတော်ပိုင် မိုက္ကရိုဝေ့ဖ်စခန်းရှိ ပစ္စည်းများအား PDF အကြမ်းဖက်သမားများက လာရောက်ဖျက်ဆီးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်း ခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်တွင် နိုင်ငံတော်ပိုင် မိုက္ကရိုဝေ့ဖ်စခန်းရှိ ပစ္စည်းများအား PDF အကြမ်းဖက်သမားများက လာရောက်ဖျက်ဆီးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်း ခဲ့ရ


MNP ၊ ဖေဖော်ဝါရီလ ၈ 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်တွင် နိုင်ငံတော်ပိုင် မိုက္ကရိုဝေ့ဖ်စခန်းစခန်းရှိ ပစ္စည်းများအား ၄-၂-၂၀၂၃ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများက လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြသော လုံခြုံရေး  အဖွဲ့ဝင်များသည် အောင်တံခွန်ရပ်ကွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုက္ကရိုဝေ့ စခန်းဝန်းအတွင်း အိမ်တံခါးဖျက်သံ၊ မှန်ခွဲသံများ၊ ထုရိုက်ဆူညံသံများကြားရ၍ သွားရောက်စစ်ဆေးခဲ့ရာ အဖျက်အမှောင့် လုပ်ငန်းများအား တစိုက်မတ်မတ် လုပ်ဆောင်သော PDF အကြမ်းဖက်သမားများသည် ရုံးဝန်းစက်ခန်း တံခါးများနှင့် သော့များ ပြူတင်းတံခါးပေါက်မှန်များအား ဖျက်ဆီး ကာ အထဲသို့ ဝင်ရောက်ရန် ပြုလုပ်နေကြောင်း တွေ့ရှိရသဖြင့် လုံခြုံးရေးအဖွဲ့များ က ပစ်ခတ်ရှင်းလင်းခဲ့ရပြီး PDF အကြမ်းဖက်သမားများ ထွက်ပြေး သွားကြောင်း သိရသည်။

PDF ပဒက်များသည် မိုက္ကရိုဝေ့စခန်းဝန်းအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရန် ပြုလုပ်သော်လည်း လုံခြုံရေးအဖွဲ့များက အချိန်မီ ရောက်ရှိလာသောကြောင့် တံခါးများ၊ ပြူတင်းပေါက်မှန်များသာ ဖျက်ဆီးသွားခဲ့ပြီး ရုံးဝန်းစက်ခန်းရှိ စက်ပစ္စည်းများ ပျက်စိးမှုမရှိကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)