ရေးမြို့နယ်တွင် PDF အကြမ်းဖက်သမားများ အပြစ်မဲ့ ပြည်သူ တစ်ဦးကို သတ်ဖြတ်၊ မိခင်ဖြစ်သူ သေနတ်ဖြင့် အပစ်ခံရပြီး ကျည်ထိမှန် ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်တွင် PDF အကြမ်းဖက်သမားများ အပြစ်မဲ့ ပြည်သူ တစ်ဦးကို သတ်ဖြတ်၊ မိခင်ဖြစ်သူ သေနတ်ဖြင့် အပစ်ခံရပြီး ကျည်ထိမှန် ဒဏ်ရာရ




MNP ၊ ဖေဖော်ဝါရီ ၄

ရေးမြိုနယ်၊ ကျုံလောင်းရွာဟောင်းကျေးရွာ အရှေ့ဘက်(၆)မိုင်ခန့်အကွာတွင် ဒေါ်သန်းရီ(၆၅)နှစ် ၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး သားဖြစ်သူ ကိုဝင်းထွန်းအား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ပြီး မိခင် ဒေါ်သန်းရီမှာလည်း ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒေါ်သန်းရီ နေအိမ်၌ရှိနေစဉ် PDF  အကြမ်းဖက်သမား ၄ဦး ဆိုင်ကယ်(၂)စီးရောက်ရှိလာပြီး ဒေါ်သန်းရီအား ၎င်း၏သားဖြစ်သူ ဝင်းထွန်း (၂၇) နှစ်၊ ရာဘာထင်းတုံး အတင်အချလုပ်ကိုင်သူ ရှိလား မီးသွေးကိစ္စပြောချင်လို့ဟုဆိုသဖြင့် ဝင်းထွန်း မှာ နေအိမ်တွင်မရှိ၍ ဝင်းထွန်း၏ အစ်ကိုတော်စပ်သူ လှမင်း(၃၃)နှစ် မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ခဏအကြာ လှမင်းနှင့်အတူ ဝင်းထွန်း တို့ပြန်လည် ရောက်ရှိလာသဖြင့် ၎င်းတို့နေအိမ်ဝန်းအတွင်း အကြမ်းဖက်သမားများနှင့် (၁၀)မိနစ်ခန့် စကားပာခဲ့ပြီး အဆိုပါ(၄)ဦးမှာ ပြန်ထွက်သွားကြောင်း သိရသည်။

(၅)မိနစ်ခန့် အကြာ အဆိုပါ(၄)ဦးနှင့်အတူ အမည်မသိလူ(၂)ဦး စုစုပေါင်း (၆)ဦးတို့မှာ ဆိုင်(၃)စီးဖြင့် သေနတ်အရှည်(၆)လက်၊ အတို(၁)လက်ဖြင့် ပြန်လည်ရောက်ရှိလာပြီး ဆိုင်ကယ်များအားနေအိမ်ခြံ အပြင်ဘက် ရပ်ထားခဲ့ပြီး ခြံဝန်းအတွင်း ဝင်လာ၍ ဝင်းထွန်းအား သေနတ်ဖြင့် ဝိုင်းပစ်ခဲ့ရာ ဝင်းထွန်းမှာ အခင်းဖြစ်နေရာတွင် ဒဏ်ရာ(စိစစ်ဆဲ)ဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။

အနီးတွင် ထိုင်နေသော ဝင်းထွန်း၏ မိခင်ဖြစ်သူ ဒေါ်သန်းရီ အား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ယာဘက်ဒူးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ အတူနေသူ ငယ်ချင်း နေလင်းထူး(၄၈)နှစ်၊ ရာဘာထင်းတုန်းတင်/ချလုပ်ကိုင်သူ၏ ဝဲပေါင်ကျည်ဖောက်ဝင်(၁)ချက်၊ ယာတင်ပါးကျည်ဖောက်ဝင်ဒဏ်ရာ(၁) ချက်တို့ရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)