စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တီးကန်ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တီးကန်ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား ရှင်းလင်းဖယ်ရှား


MNP ၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တီးကန်ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား ၃-၂-၂၀၂၃ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ PDF အကြမ်းဖက်စခန်းတွင် လူနေတဲ ၆ လုံး၊ ထမင်းစားဆောင် ၁ လုံး၊ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၈ လက်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၂၀ လုံး၊ လက်လုပ်မိုင်း ၁၁၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ ယမ်းကြိုး ၂ ခွေ၊ နိုင်လွန်ကြိုး ၁ ခွေ၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့် ၁ ထုပ်၊ တွင်ခုံ ၁ လုံး၊ သံပိုက် ၂၅ ချောင်း၊ ပြောက်ကျား အင်္ကျီ ၈ ထည်၊ ပြောက်ကျားဦးထုပ် ၉ လုံး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး စစ်အုပ်ချုပ်ရေး (Martial Law) အာဏာထုတ်ပြန်ထားသည့် ၁၁မြို့နယ်တွင် ရေဦးမြို့နယ်လည်း ပါဝင်သည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)