ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအနီးမှ ဆီစက်ဂိုဒေါင်တစ်လုံးအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ထွက်ပြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအနီးမှ ဆီစက်ဂိုဒေါင်တစ်လုံးအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ထွက်ပြေး



MNP ၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအနီးတွင် ယမန်နေ့ နေ့လည်ပိုင်းက PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ပုဏ္ဏားငယ် ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက စတင်ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရပြီး အကြမ်းဖက်သမားများ အထိနာ၍ ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသော PDF အကြမ်းဖက်သမားများ၏ နောက်သို့ လုံခြုံရေးအဖွဲ့ဝင်များမှ အဆက်မပြတ် လိုက်လံရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများက ကောက်ကျစ်ယုတ်မာစွာ ချပ်သင်းကျေးရွာမှ ပြည်သူ ၁ ဦး ပိုင်ဆိုင်သော ဆီစက်ဂိုထောင် ၁ လုံးအား မီးရှို့ခဲ့ခြင်းကြောင့် အုတ်ကာ၊ အုတ်ခင်း၊ သွပ်မိုး အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီး ဆုံရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများနောက်သို့ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ လက်လုပ် စိန်ပြောင်း ၂ လက်၊ ဘတ္ထရီအိုး ၂ လုံး၊ မီးကြိုး ၂ ခွေတို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)