အရာတော်မြို့နယ်၊ ကံလယ်ကျေးရွာနှင့် မင်းကျေးရွာတို့တွင် PDF အကြမ်းဖက်သမားများ ၁၀ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်၊ ကံလယ်ကျေးရွာနှင့် မင်းကျေးရွာတို့တွင် PDF အကြမ်းဖက်သမားများ ၁၀ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ ဖေဖော်ဝါရီ ၂၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကံလယ်ကျေးရွာနှင့် မင်းကျေးရွာတို့တွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်၊ ကံလယ်ကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၉နာရီ ဝန်းကျင်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာ၍ ဆုတ်ခွါထွက်ပြေးသွားသော PDF အကြမ်းဖက်သမားများနောက်သို့ ထပ်ကြပ်မကွာ လိုက်လံ ရှင်းလင်းရှာမှ လက်လုပ်သေနတ် ၂၀ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂ လုံး၊ လက်လုပ်မိုင်း မျိးစုံ ၁ လုံး၊ အိုင်ကွန် ၃ လုံး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ထို့အတူ ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် အရာတော်မြိုနယ်၊ မင်းကျေးရွာအနီးတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲဝင်များနှင့် အရိုင်းအစိုင်း PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမား ၁၀ ဦး ဖမ်းဆီးရမိပြီး  အမ် ၂၂ သေနတ် ၁ လက်၊ အမ် ၁၆ သေနတ် ၁လက်၊ အမ် ၇၉ သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၈ လက်၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ ကျည်ဆံ မျိုးစုံ ၃၆ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ဆေးပစ္စည်းမျိုးစုံ ၂ အိတ်၊ ကျည်အိမ် ၂ ခု တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)