စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ ဖေဖော်ဝါရီ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင် ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့နယ်လျှပ်စစ်ရုံးအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာလျက်ရှိ သည့် စီးမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဥူး ပဏ္ဏိတ သက်တော်(၄၃)နှစ် ဝါတော် ၂၃ ဝါ၊ ကသာမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးဇော်နိုင်ဝင်း(၃၁)နှစ်နှင့် မသော်ရီဆွေ (၂၃)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

ထိုသို့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်းအား မိုင်းထောင် ဖောက်ခွဲပြီး သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦးတို့အား ထိခိုက်ဒဏ်ရာများရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)