စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာလမ်းဆုံတွင် PDF အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာလမ်းဆုံတွင် PDF အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်


MNP ၊ ဖေဖော်ဝါရီ ၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာလမ်းဆုံတွင် ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ် ကြက်သွန်ခင်းကျေးရွာ လမ်းဆုံတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေး စစ်ဆေး ပေးခြင်းနှင့် ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိရာ PDF အကြမ်းဖက်သမားမျးသည် ကောက်ကျစ်ယုတ်မာသောစိတ်ဖြင့် အသံမိုင်း ၁ လုံးအား ရည်ရွယ်ချက်ရှိရှိဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အဆိုပါ PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

အလားတူ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည်  ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင်  ကျေးရွာလမ်းဆုံ၌ ပြည်သူများအား ထိခိုက်သေကြေစေရန် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်ရီမုမိုင်း ၁ လုံးအား တွေ့ရှိ၍ ဖော်ထုတ်ရှင်းလင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)