ဗန်းမောက်မြို့၊ မြို့မရပ်ကွက်အနီးတွင် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့၊ မြို့မရပ်ကွက်အနီးတွင် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရ


MNP ၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်အနီးတွင် ယမန်နေ့ နံနက် ၉နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့၊ မြို့မရပ်ကွက်၊ လျှပ်စစ်ရုံးအနီး ဗိုလ်ချုပ်လမ်းမပေါ်တွင် အများပြည်သူများ အေးချမ်းစွာ သွာလာနေထိုင်နေသည်ကို ရိုင်းစိုင်းယုတ်မာသည့် PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် လမ်းလျှောက်လာသည့် သံဃာတော် ၁ ပါးနှင့် ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် အပြစ်မဲ့ပြည်သူ ၂ ဦးတို့မှာ မိုင်းစများထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဗန်းမောက်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ဗန်းမောက်မြိုနယ်၊ မြို့မရပ်ကွက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များအား PDF အကြမ်းဖက်သမားများက အဝေးမှ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ရေမြောင်းအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)