ရေစကြိုမြို့နယ်၊ ရွာငယ်ကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရေစကြိုမြို့နယ်၊ ရွာငယ်ကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

010

MNP ၊ ဖေဖော်ဝါရီလ ၂၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာငယ်ကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ ယမန်နေ့ ညနေ ၄နာရီဝန်းကျင်က PDF အကြမ်းဖက်သမားများ၏ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရေစကြိုမြိုနယ်၊ ရွာငယ်ကျေးရွာတွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာရှိ စာသင်ကျောင်းတွင် PDF အကြမ်းဖက်သမားများ ခိုအောင်းခဲ့ကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များမှ ဝင်ရောက်ရှင်းလင်းခဲ့ကြသည်။

အဆိုပါစာသင်ကျောင်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏  ပြောက်ကျား အင်္ကျီ ၁ ထည်၊ ဆိုလာပြား ၂ ချပ်၊ ဘတ္ထရီအိုး ၄ လုံး၊ အင်ဗာတာ ၂ လုံး၊ မီးတိတ် ၁၀ ခွေ၊ မီးကြိုး ၂ ခွေ၊ အဖျက်အမှောက် လုပ်ဆောင်မည့် စာရွက်စာတမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages