MNP ၊ ဖေဖော်ဝါရီ ၈
စစ်ကိင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော PDF အကြမ်းဖက်သမားများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ၆-၂-၂၀၂၃ ရက်နေ့ က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့၊ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်၍ အများပြည်သူများအား ထိခိုက်သေကြေစေရန် မြောင်မြို့နယ်တွင် လက်လုပ်ဗုံးများ ပြုလုပ်ခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့ဝင်ဖြစ်သူ တရားခံ ဌေးလွင်(ခ)နေလင်းအား အကြမ်းဖက် ပုဒ်မ ၅၂(က)/၅၀(ဈ) အရ အလုပ်နှင့် ထောင်ဒဏ် (၁၆) နှစ်၊ တောင်သာမြို့၊ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်၍ အကြမ်းဖက်အဖွဲ့ဝင်အား မုံရွာမြို့တွင် တရားမဝင်ဆေးကုသပေးခဲ့သူ တရားခံ ဟန်လင်းအား အကြမ်းဖက် ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် (၄) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ တောင်သာမြို့၊ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်၍ အကြမ်းဖက်အဖွဲ့ဝင်အား မုံရွာမြို့တွင် တရားမဝင်ဆေးကုသပေးခဲ့သူ တရားခံ သိန်းလင်းအား အကြမ်းဖက် ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် (၄) နှစ်၊ တောင်သာမြို့၊ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်၍ အကြမ်းဖက်အဖွဲ့ဝင်အား မုံရွာမြို့တွင် တရားမဝင်ဆေးကုသပေးခဲ့သူ တရားခံ မခင်စောလွင်တို့အား အကြမ်းဖက် ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကန့်ဘလူမြို့နယ်၊ အင်ငုတ်တိုကျေးရွာတွင် နေထိုင်၍ အကြမ်းဖက် PDF သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုမျးတွင် ပါဝင်ဆောင်ရွက်ခဲ့သော တရားခံ မိုးခိုင် အား အကြမ်းဖက် ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ်(၅) နှစ်၊ ကန့်ဘလူမြို့နယ်၊ ကျေးတောကျေးရွာ နေထိုင်၍ အကြမ်းဖက်အဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ပြီး အကြမ်းဖက် PDF သင်တန်း တက်ရောက်ခဲ့သူ တရားခံ ခိုင်ဝင်းအောင်(ခ) မောင်ခိုင် အား အကြမ်းဖက် ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ်(၅) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)
No comments:
Post a Comment