ကန့်ဘလူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ပျက်စီး



MNP ၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့  ည ၁ နာရီ ၂၅ မိနစ်ခန့်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ကျေးရွာ၏ အရှေ့ဘက် တောစပ်မှနေ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီ ၂၀ မိနစ် တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။


အကြမ်းဖက်သမားများ၏ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုများကြောင့် အဆိုပါကျေးရွာနေ ဦးခင်မောင်ဌေး(၄၀)နှစ်၊ ဦးမြင့်ထွန်းအောင်(၅၁)နှစ် ဦးဌေးမြင့် (၆၀)နှစ်၊ ဦးစည်သူစိုး(၃၀)နှစ်၊ ဦးထွန်းမြင့်သိန်း(၄၉)နှစ်၊ ဒေါ်နှင်းဆီ(၆၀)နှစ်၊ ဒေါ်တင်ဆွေမြင့် (၂၉)နှစ်၊ ဒေါ်စန်းတင့်(၅၃)နှစ်၊ ဒေါ်အေးအေးစန်း(၅၁)နှစ်နှင့် ဦးစိုးသူ(၃၈)နှစ်တို့၏ နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ဆင်ခြင်တုံ တရားမဲ့စွာပစ်ခတ်၍ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)