MNP ၊ ဖေဖော်ဝါရီ ၅
စဉ့်ကိုင်မြို့နယ်၊ ၊ မြို့မရပ်ကွက်ရှိ အရုဏ်တော်ဆွမ်းလောင်းအသင်း ဓမ္မာရုံ၌ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ တည်ဆောက်ပူဇော်လျှက်ရှိသည့် “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗဟိုမဏ္ဍိုင်ဌာနတွင် ဋာပနာတော် သွင်းလှူပူဇော်နိုင်ရေး အလှူခံနေသည့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း ဦးဆောင်သည့်အဖွဲ့ အလှူခံဌာနသို့ ယနေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမား ၃ဦး က သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း ကနဦး သိရသည်။
PDF အကြမ်းဖက်သမားများက သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် လာရောက် ပစ်ခဲ့သဖြင့် ရာအိမ်မှူး ဦးအုံးကြိုင်(သေဆုံး)၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း (မစိုးရိမ်းရ) တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး သတင်းမှန် ပြန်ကြားရေးအဖွဲ့အနေဖြင့် အတည်ပြု သတင်းထုတ်ပြန်ပေးရန် ဆက်သွယ်မေးမြန်းထားသည်။
#MyanmarNationalPost
No comments:
Post a Comment