ကန့်ဘလူမြို့နယ်၊ တည်ပင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ တည်ပင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


MNP ၊ ဖေဖော်ဝါရီ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တည်ပင်ကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ တည်ပင်ကျေးရွာအနီးရှိ တဲတိုက်အတွင်းတွင် အပြစ်မဲ့ပြည်သူများအား ဆက်ကြေးကောက် သတ်ဖြတ်လေ့ရှိသော PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်များရှိကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များက ၎င်းနေရာသို့ သွားရောက်ရှင်းလင်းခဲ့ရာမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တဲတိုက်မှ  လက်လုပ် သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၂၆ လုံး၊ လက်လုပ်မိုင်း (ပြုလုပ်ဆဲ)၃၂ လုံး၊ လက်လုပ်တိုက်မိုင်းခလုတ် ၁၉ ခု၊ လက်လုပ်နင်းမိုင်းခလုတ် ၁၂ ခု၊ စနက်ကြိုး ၁ ချောင်း၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့် (၅ ပိဿာခန့်) ၁ ထုတ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)