MNP ၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မဲတောကျေးရွာအနီးတွင် ယမန်နေ့က PDF အကြမ်းဖက်သမားတစ်ဦးနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြိုနယ်၊ မဲတောကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာနေထိုင်ရေးအတွက် နယ်မြေရှင်းလင်းဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်နေသော PDF ပဒက်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲပြီး ပဒက်များမှာ ဒဏ်ရာဗလပွဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြောင်း သိရသည်။
အကြမ်းဖက်သမားများ ထွက်ပြေးသွားသော လမ်းကြောင်း တစ်လျှောက်အား လုံခြုံရေးအဖွဲဝင်များက လိုက်လံရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားတစ်ဦး အသေနှင့် လက်လုပ်သေနတ် ၃ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)
No comments:
Post a Comment