ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် ကွန်ပျူတာ A+ (Plus) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် ကွန်ပျူတာ A+ (Plus) သင်တန်းဖွင့်လှစ်



MNP   -   ဖေဖော်ဝါရီ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေရန်အတွက် ကွန်ပျူတာ A+(Plus) သင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ (Community Centre)၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်သည်။


အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး ဦးဆန်းဝင်း၊ ခရိုင်ဦးစီးမှူး၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော ကွန်ပျူတာ A+(Plus) သင်တန်းတွင် ဝန်ထမ်းတိုင်း ဒီဂျစ်တယ်နည်းပညာ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးချ မှုနှင့် ကွန်ပျူတာသဘောတရားများ နာလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်းများတွင် ခေတ်မီအိုင်တီ နည်းပညာကို အသုံးချပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ကွန်ပျူတာ အစိတ်အပိုင်း နှင့် ဆက်စပ်ပစ္စည်းများကို နှံ့စပ်သိကျွမ်းပြီးကိုယ်တိုင် service ပေးနိုင်သည်အထိ သင်ကြား ပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူး လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ သင်တန်းပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ သင်တန်းနည်းပြဆရာ ဦးညီညီဦးမှ ရှင်းလင်းပြောကြားသည်။


အဆိုပါ ကွန်ပျူတာ A+(Plus)သင်တန်းကို အပတ်စဉ်၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ရုံးတက်ချိန် မထိခိုက်စေဘဲ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။


ယခုသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်(၄)ခရိုင်မှ အရာထမ်း၊ အမှုထမ်း(၂၀)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ (၂)လကြာ စာတွေ့၊ လက်တွေ့ သင်ယူကြရမည်ဖြစ် ကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)