နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲ တက်ရောက်


MNP  -  ဖေဖော်ဝါရီ ၂

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်း တက်ရောက်၍ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)ကို ၂၀၀၀ ပြည့်နှစ် သြဂုတ် ၁၅ ရက်တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်တွင် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း ၂၃ နှစ်ရှိပြီဖြစ်ပြီး ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန် ကွန်ပျူတာဒီပလိုမာဘွဲ့နှင့် မဟာဘွဲ့ရ ကျောင်းသား ကျောင်း သူ ၁၄၁၃ ဦးကို မွေးထုတ်ပေးခဲ့ပါကြောင်း၊ လက်ရှိစာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၄၇၅ ဦး တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်းကိုပေးအပ်ရာ ကွန်ပျူတာ တက္ကသိုလ်(တောင်ကြီး) ဒုတိယပါမောက္ခချုပ်က လက်ခံရယူသည်။


ဆက်လက်၍ ထူးချွန် ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က ပထမနှစ်သင်တန်းသို့ ဝင်ခွင့်အမှတ်စဉ် (၁)၊ (၂)၊ (၃) ဖြင့် ဝင်ခွင့်ရရှိသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမနှစ်သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကွန်ပျူတာသိပ္ပံသင်တန်း၊ ဒုတိယနှစ် ကွန်ပျူတာနည်းပညာသင်တန်း၊ တတိယနှစ် ကွန်ပျူတာသိပ္ပံသင်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်ဖွင့်လှစ်သော ရှေးဦးသူနာပြု ကြက်ခြေနီသင်တန်းတွင် ဆုရရှိသူများ၊ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)မှ ကျောင်းသား ကျောင်းသူများက ပအိုဝ်းတိုင်းရင်းသားရိုးရာအက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ အင်းတိုင်းရင်းသားရိုးရာအက၊ ပုဂံ ရိုးရာအကတို့ဖြင့် ကပြဖျော်ဖြေကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော Project Show ပြပွဲများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)