ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” Rusatom International Network ၏ President Mr. Vadim Titov နှင့် Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” Rusatom International Network ၏ President Mr. Vadim Titov နှင့် Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံဆွေးနွေး


MNP   -   ဖေဖော်ဝါရီ ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” Rusatom International Network ၏ President Mr. Vadim Titov နှင့် Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ညနေ ၄ နာရီတွင် အလုံမြို့နယ်ရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ထားမှု၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ၊ စီမံကိန်းတည်ဆောက်ရေးဆိုင်ရာကိစ္စ၊ ချေးငွေရယူရေးဆိုင်ရာကိစ္စ၊ ရှေ့ဆက်လက်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ROSATOM နှင့် ပြည်တွင်းကုမ္ပဏီ များနှင့် MoU ရေးထိုးထားရှိမှု၊ လေအားလျှပ်စစ်စီမံကိန်းများအားတည်ဆောက်ရန် ကြာမြင့်ချိန်ကာလ၊ အလားအလာ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom International Network ၏ President Mr. Vadim Titov ၊ Rusatom Energy Projects ၏ Director General Mr. Andrey Rozhdestvin နှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်များပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)