ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း “Safe ICT Services” စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း “Safe ICT Services” စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်


MNP  -   ဖေဖော်ဝါရီ ၁၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ “Safe ICT Services” စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ICT- In-formation & Communication Technology ဝန်ဆောင်မှုကို စိတ်ချစွာ အသုံးပြုနိုင်ရေးနှင့် တိုးတက်ကောင်းမွန်လာစေရေးသည် နိုင်ငံတော်၏ Digital Economy ဆောင်ရွက်ရေးအတွက် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေရမည်ဖြစ်ကြောင်း၊ e-Government သည် နိုင်ငံ တော်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသလို ဆိုက်ဘာလုံခြုံရေးသည်လည်း အထူးအရေးကြီးလာပါကြောင်း၊ သတင်းမှားများ၊ ဆိုက်ဘာအလွဲသုံးမှု၊ ဆိုက်ဘာမှုခင်းများကို တားဆီးကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ဥပဒေများပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းများဆောင်ရွက်သွားရန် လိုအပ်သလို တစ်ဖက်ကလည်း နည်းပညာဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်ရေးလိုအပ်ပါကြောင်း၊ ဆောင်ရွက်နေသည့် ICT ဝန်ဆောင်မှုများကို ပကတိအခြေအနေများအပေါ်အခြေခံပြီး မှန်မှန်ကန်ကန်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် ရေရှည်တည်တံ့ပြီး အမှီအခိုကင်းသည့် ICT Services နှင့် e-Government Solution ကောင်းများ ပေါ်ထွက်လာစေရေးအတွက် ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ထို့ပြင် ICT Services များ အသုံးပြုရာတွင် ထုတ်ပြန်ထားသော Standard Operating Procedure (SOP)များနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လျင်မြန်စွာပြောင်းလဲနေသည့် နည်းပညာနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် လူ-ပစ္စည်း-နည်းပညာတို့ ဟန်ချက်ညီစွာ တိုးတက်ရန်လိုအပ်ပါကြောင်း၊ အရေးအကြီးဆုံးအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


အဆိုပါ စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့မှ သတင်းအချက်အလက် နည်းပညာအရာရှိချုပ် (Chief Information Officer–CIO) များနှင့် လက်ထောက် သတင်းအချက်အလက်နည်းပညာအရာရှိချုပ်(Assistant Chief Information Officer– ACIO)များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)