တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Software) အသုံးပြုနည်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Software) အသုံးပြုနည်း သင်တန်းဆင်းပွဲ ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၃

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(Software) အသုံးပြုနည်း သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသားအရာရှိများ အနေနှင့် သင်တန်းတွင် ပို့ချပေးခဲ့သော မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်းပြီး စနစ်တကျ အသုံးပြုဆောင် ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးသည် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အရေးကြီးပြီး အဓိကကျသည့်လုပ်ငန်းပင် ဖြစ်ကြောင်း၊ ကော်မရှင်အနေနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း များကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီး ရရှိလာ သည့် စာရင်းများကို ကနဦးမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း စနစ်(IVLS)နှင့် ထပ်မံစိစစ် ဆောင်ရွက်ခဲ့ပြီး စိစစ်တွေ့ရှိချက် များကို လစဉ်လူဦးရေ အတိုး/အလျော့ စာရင်းပြုစုခြင်း၊ အချက်အလက်များ ပြင်ဆင်/ဖြည့်စွက်ခြင်း၊ Cross-Check စိစစ်ခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း။


စနစ်တကျကြီးကြပ်


မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်အသုံးပြုခြင်းဖြင့် မဲဆန္ဒရှင် စာရင်းများပြုစုရာ၌ အဆင်ပြေ လွယ်ကူစွာဖြင့် တိတိကျကျ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များအနေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ စစ်ဆေးခြင်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပြီး ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ထို့အပြင် ကော်မရှင်အနေနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ်(၅)နှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပေးနိုင်ရေး အဆင်သင့် ဖြစ်နေစေရန် ပြင်ဆင်ဆောင် ရွက်ထားရမည်ဖြစ်ကြောင်း။


လေ့လာပြင်ဆင်ထား


လာမည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် PR စနစ်ကျင့်သုံး ဆောင်ရွက်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြောင်းလဲကျင့်သုံးမည့် စနစ်နှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေး လေ့လာပြင်ဆင်ထားကြရန် မှာကြားလိုကြောင်း၊ ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန် သင်တန်းများ ပို့ချခြင်း၊ မဲရုံများ တွက်ချက်ပြင်ဆင်ခြင်း၊ မဲရုံသုံးပစ္စည်းများ တွက်ချက်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ အကြိုကာလ၌ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ကြိုတင် မျှော်တွေး၍ ပြင်ဆင်ဆောင်ရွက် ထားမှသာ ရွေးကောက်ပွဲကာလ တွင် ရွေးကောက်ပွဲလုပ်ငန်းများကို အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။


ညှိနှိုင်းဆောင်ရွက်


သို့ဖြစ်၍ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို နှံ့နှံ့စပ်စပ် လေ့လာကြရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်း၌ အမှားအယွင်းမရှိစေရေး ဂရုတစိုက် အလေးအနက်ထား ဆောင်ရွက်ကြရန်၊ ရွေး‌ကောက်ပွဲ လုပ်ငန်းစဉ်တိုင်းသည် အချိန်ကာလသတ်မှတ်ချက်နှင့်‌ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်တိုင်း အဆင်ပြေချောမွေ့စေရေး ကြိုတင်ပြင်ဆင်‌ ဆောင်ရွက်ရန် ရှိသည်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ထားကြရန်နှင့် လိုအပ်ချက်များ ရှိပါကလည်း အထက်အောက် အချိန်နှင့်တစ်ပြေးညီ တင်ပြညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။


လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲများ ကျင်းပပေး နိုင်မှသာ ကော်မရှင်၏ဂုဏ်သိက္ခာ၊ နိုင်ငံ၏ဂုဏ်သိက္ခာကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို သင်ခန်းစာယူပြီး မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒကို မှန်မှန် ကန်ကန် တရားမျှတစွာဖော် ဆောင်ပေးနိုင်သည့် နိုင်ငံအတွက် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ များဖြစ်စေရေး အလေးထား ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။


သင်တန်းဆင်းပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)