ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်



MNP   -      ဖေဖော်ဝါရီ   ၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။


‌ထို့နောက် သထုံခရိုင် အမှတ် (၆၂ )မူးယစ်တပ်ဖွဲ့စု၊သထုံမြို့ မှ ဒုရဲမှုးတင်ကိုကို မှ  မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ဆိုးကျိုးများ၊မူးယစ်ဆေးဝါးတွေကိုစွဲလန်းကြတယ်အဲဒီစွဲလန်းတဲ့အရာမှာပါတဲ့အကြောင်းအရာများ၊မူးယစ်ဆေးဝါးဖြတ်ချင်သူတွေအတွက်အဆင်ပြေသည့်နည်းလမ်းများ၊သတင်းပေးခဲ့လျင်အရေးယူဆောင်ရွက်ပေးမည့်အချက်များ၊မူးယစ်ဆေးဝါးသယ်ဆောင်လာလျင်အရေယူဆောင်ရွက်မှုများ၊အရွယ်မရောက်သေးတဲ့ကလေးငယ်များဖမ်းဆီးရမိလျှင် ‌စီစဉ်ဆောင်ရွက်ပေးထားမှုများ၊မူးယစ်ဆေးဝါးဖမ်းဆီးရမိလျှင် အရေးယူမှုနှင့်ပြစ်ဒဏ်ချမှတ်မှုများ၊ထိန်းချုပ်မှုများ၊ဆက်သွယ်ရမည့်ဖုန်းနံပါတ်များစသည့်အချက်များကိုလိုက်နာ ဆောင်ရွက်ပေးခြင်းစသည့် အ‌ကြောင်းအရာများကိုအကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)