ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆ )နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆ )နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်


MNP   -   ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိလာစေရန် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ပြုလုပ်ကြသည်။


အဆိုပါ (Talk Show)တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က(၇၆) ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show) ဆောင်ရွက်ခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့်( ၇၆ )နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်တွင်ပါရှိသည့် အကြောင်းအရာများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန် နှင့် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးတို့က အကျယ်တဝင့် ဖတ်ကြားဆွေးနွေးပြောကြားကြသည်။


 ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ရုံးနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပသည့် (၇၆ )နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အပြည့်အစုံကိုပေါက်တောမြို့နယ်ပြည့်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pauk Taw Facebook Pageတွင်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)