(၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) လှေလှော်ပြိုင်ပွဲအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) လှေလှော်ပြိုင်ပွဲအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်


MNP   -  ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို ) လှေလှော်ပြိုင်ပွဲအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) လှေလှော်ပြိုင်ပွဲအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး (တာဝန်ခံ)၊ ဒေါ်ချိုသဲမှ သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) လှေလှော်ပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် လှေလှော်ပြိုင်ပွဲမှ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်အမှတ်အဖြစ် တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို)အဖြစ် တစ်ကြိမ်၊ နှစ်စဉ်(၂)ကြိမ်တိုင် ကျင်းပလျက်ရှိပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ အမျိုးသား လှေလှော်အားကစားသမားများ၊ အမျိုးသမီး လှေလှော်အားကစားသမား အသင်းတို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


ထို့နောက် သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရေး၊ လူငယ်စကားဝိုင်းများ၊ လူငယ်အသိပညာပေး ဟောပြောပွဲများကို လူငယ်ရေးရာ ကော်မတီဝင်များနှင့် ပူးပေါင်း၍ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများသို့ မျိုးဆက်သစ် အားကစားသမားများ ပို့ဆောင်နိုင်ရေးအတွက် Grade-8 ကျောင်းသား၊ ကျောင်းသူများအား စီစစ်ရွေးချယ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း တတ်ရောက်ခွင့်ရသူများကို နိုင်ငံတော်မှ စရိတ်ငြိမ်း လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း အသိပညာပေး ပြောကြားခဲ့သည်။


မျိုးဇော်သိန်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)