မိုးမောက်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်


MNP  -   ဖေဖော်ဝါရီလ   ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ခန်းမ၌ ယမန်နေ့နံနက်(၁၁)နာရီခန့်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍    ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာ   အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။    


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဒေါ်လွန်းနန်းထွေးက အများပြည်သူဗဟုသုတရရှိစေရန် အသိပညာပေး Talk  Show ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။   


ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦး၀င်းတင့်က မိုးမောက်မြို့နယ်အတွင်း ကျေးလက်ဒေသလူမှုစီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်စီမံကိန်းများ၊ ကုန်ထုတ်လမ်းတံတားဆောင်ရွက်မှု၊ ကျေးရွာမြစိမ်းရောင် စီမံကိန်းဆောင်ရွက်မှု၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအကြောင်းတို့ကို  အကျယ်တဝင့်ပြောကြားခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)